မီးစက်ကလေး
ချစ်ခြင်းမေတ္တာဆိုတာ
ဆီလိုအပေါက်ရှာ စိမ့်လာတတ်ပါတယ်
လေလိုအကြောင်းရှာ လွင့်လာတတ်ပါတယ်
ကျောက်ကြောတုံးထဲ
ပုရွက်ဆိတ်ကလေးတွေ တွင်းဖောက်ရသလို
အမျိုးအမည်မသိအမှောင်ထုထဲ
ယပ်တောင်ကိုဆွဲထုတ်လိုက်တယ်
ချွေးစို့နေမယ့်အသက်ရှူသံလေးရှိရာဘက်
ယပ်ခတ်ပေးနေမိပါတယ်
ချစ်ခြင်းမေတ္တာဆိုတာ
ဘယ်လောက်ဖျက်ဖျက် ဘယ်တော့မှမီးမပျက်တဲ့ မီးစက်ကလေးပဲ။
ကိုရွေး
၁ ဧပြီ ၂၁
Labels: ကိုေရြး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home