သူငယ်ချင်း
နည်းနည်း လိမ္မာလိုက်ရုံနဲ့
အရာရာရပြီ
အရာရာ ဘာလုပ်ရမှာလဲ
ငါမတော်တော့လို့ ဝတ်မရတဲ့အင်္ကျီဟာ
မင်းနဲ့လည်းမတော်
ချောင်နေတာနဲ့ ကျပ်နေတာကြား
တစ်ယောက်ထားရမလိုဖြစ်နေ
ဘာလို့တစ်ယောက်ယောက်ထားရမှာလဲ
မင်းလည်း ကိုယ်နဲ့မတော်တဲ့
အင်္ကျီကြီးဝတ်လို့
ငါလည်း ငါနဲ့မတော်မှန်းသိသိနဲ့
ကမ္ဘာကြီးကို လှလို့ဝယ်လို့
ဆယ်နှစ်
ဆယ့်ငါးနှစ်
အနှစ် နှစ်ဆယ်
အချစ်များစွာက ငါရေးဖူးပါတယ်
"တော်ဖို့မလိုဘူး ပျော်ဖို့ပဲ လိုတယ်"
စိုင်းဝင်းမြင့်
၁၈၊ ၈ ၊ ၂၀၁၆
( ချစ်ခြင်း - စိုင်းဝင်းမြင့်...စာအုပ်မှ)
Labels: စိုင်းဝင်းမြင့်