ဒူးယား
အစိမ်းဆိုပေမယ့်
ကိုယ်တို့ခေတ်မှာ ရွှေရောင်ပြန်သထားတယ်
ဒူးယား
ချောင်းတွေတဟွတ်ဟွတ်ဆိုးရင်း ဒူးယား
ဈေးသက်သာတဲ့ နှင်းတွေကြား
ဗာဂျီနီးယားနံ့သင်းပြတဲ့ ဒူးယား
သီချင်းထဲ မီးခိုးငွေ့အပြာနဲ့ဒူးယား
စီးကရက်တစ်လိပ်ရဲ့ဂုဏ်သိက္ခာဟာ
ဖင်ဆီခံမှာ အခြေပြုပါတယ်။
သက်ငြိမ်သစ်
Labels: သက်ငြိမ်သစ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home