သစ်ပင်ကိုဝင်တိုက်မိတဲ့နေ့
လိုက်ကာကိုဆွဲဖွင့်လိုက်တော့
ဓါးဦးက ကိုယ့်ဘက်လှည့်နေတယ်
ထက်ပိုင်းကျိုးနေတဲ့ရယ်သံတွေ ပြန့်ကျဲလို့
ဇစ်ဆွဲသံဟာ ထုပ်တန်းမှာတွဲလောင်းကျလို့
နံရံမှာကပ်ကျန်ခဲ့တဲ့ထိတ်လန့်မှုတွေ တဖြည်းဖြည်းကွာကျလာ
အခန်းမှာ ကွဲနေတဲ့အသည်းတွေခင်းထားတယ်
တစ်ယောက်မှမရှိတော့ပေမယ့် တစ်ယောက်ယောက်ရှိနေသေးသလို
ဒါဟာ စိတ်ထဲမှာကျန်ခဲ့တဲ့ အစတစ်စပဲ
ပြန်ထွက်ဖို့လှည့်လိုက်တော့ တံခါးတွေမရှိတော့ဘူး
ကိုယ့်အပြစ်ပါ သစ်ပင်ကိုဝင်တိုက်မိတာပါ။
ကိုရွေး
၂၇ း ၉ း ၁၉
Labels: ကိုေရြး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home