08 March, 2020

ကံစီမံရာနေ့တွေ

လူမှုဆက်ရေးအတွက် တုန်ရီမနေအောင်
တည့်ရာဆေးတစ်ခုခု အွန်ထားပါတယ်
ဘယ်အတိုင်းအတာထိတောက်လောင်မလဲ
ကြိုးစားတဲ့ဖားဖိုကြီးလို ဟူးးခနဲ ဟူးးခနဲ
လေတွေမှုတ်ထုတ်ရ
အသားကင်တွေ
ပွဲတော်နေ့များမှာစားသောက်ဖို့ အဆင်သင့်
လှပလွန်းပါတယ်
ဝံပုလွေလိုက်ဖို့ ဝံပုလွေအသေဆီက မျက်ဝန်းတစုံ ချွတ်ယူထားခဲ့
တရားသော သားကောင်ကို
တရားသောမုဆိုး ရပါစေ။

သက်ငြိမ်သစ်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home