23 February, 2020

စစ်ချီတေး

ဖာသယ်မက လေထဲလွင့်ပါသွားတဲ့
သူ့အတွင်းခံဘောင်းဘီတစ်ထည်ရဲ့တန်ဖိုးကိုတွက်ပြတယ်

ရဲတစ်ယောက်
အမတ်သုံးယောက်
စစ်သားငါးယောက်
ဘုန်းကြီးတစ်ပါးနဲ့
ဖိုးသမားတစ်ယောက်

ဘင်ခရာတီးဝိုင်းထရမ်းပက်သံက
နိုင်ငံတော်ဈာပနတီးလုံးကို မှုတ်နေတယ်

လေငြိမ်လို့
ပြန်တွေ့ရင်
လေလံတင်မယ်

တာကွီလာ ဝယ်သောက်မယ်
ကျွန်မ ရှက်တယ်။

ကြည်ဇော်အေး
4 feb 2020

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home