လွမ်းစေတီ
တစ်ရံရောအခါနဲ့
ရာဇ၀င်ထဲက ဓားတွေတော့
ထိုးစိုက်ထားတာ တွေ့တာပဲ
မင်းသားလေးတစ်ပါး ကွပ်မျက်ခံရတယ်
အချစ်သည် စစ်ကို ရှုံးနိမ့်သွားစေနိုင်၏ ။
ဟိုး . . . တောင်စွယ်ရိုးဆီက
မြူခိုးတွေက သူ့ဘာသာ ညို့မှိုင်းနေတယ်
ကားအ၀ါလေးကို တစ်စုံတစ်ယောက်က
သူ့ဘာသာ ရပ်ထားတယ်
သစ္စာတရားကတော့ ဘယ်သူ့ကိုမှ
တိမ်းရှောင်ဖယ်မယ် မထင်ပါဘူး . . . အချစ်ရယ်
ကောင်မလေးက မြို့သားတစ်ဦးနဲ့ လက်ထပ်သွားတယ်
ကောင်လေးက ဘာဆုမှ မတောင်းဘဲ
လာလာပြီး ထိုင်နေတယ်။
သူရနီ
ကဗျာတူ ကဗျာကွဲ ကဗျာစာအုပ်မှ
Labels: သူရနီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home