30 June, 2016

ဆွေးမြေ့သူ

" အတ်ရော့ခ် "တဲ့
ဂျင်မော်ရစ်ဆန်က အစောကြီးပြောခဲ့တယ်။
" ကမ္ဘာကြီးကို ဆက်မညာချင်တော့ဘူး "တဲ့
ကတ်ကိုဘိန်းက
ကျည်ဆန်ကို ရွေးချယ်ခဲ့တယ်။
" ကျွန်မက အသစ်ပါ " တဲ့
ဖာသည်မလေးက ပြောရှာတယ်။
ဂျက်ဆင်ပေါလော့က ဆဲတယ်
" fuck picasso " တဲ့။
ကျွန်တော်က အဟောင်းပါ
ဒီကဗျာဟာ အုတ်နီခဲနဲ့ပွတ်ထားတဲ့ ဂျင်းဘောင်းဘီ အဟောင်းတစ်ထည်ကို ပြန်ထုတ်ဝတ်ကြည့်တာပါ။

ကြည် ဇော် အေး
26 6 2016

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home