တေးသွားအမှတ် ၆ နာရီ
ချောက်ကမ်းပါးအရင့်အမာကြီးထိပ်မှာ
သူ့ကိုယ်သူချောင်ပိတ်ပြီး တင်ထားလိုက်တယ်
ပြီးတော့
ရုပ်ကိုပါးပါးမတ်မတ် "တန်း"ပစ်ပြီး
စိတ်ကို ချောက်ကမ်းပါးထဲ တွန်းချလိုက်တယ်။
"အား"လို့
လေးရိလေးတွဲ့သံရှည်ဆွဲပြီး အော်ဖို့ရာ
စကားလုံးတွေမှာ ပါးစပ်ရှိပါသလား
(နေလောင်ဂစ်တာထဲကတော့
"ဆိပ်ကမ်းဟွန်းတီးသံ"တွေ ပွင့်ပေါက်ကျလာပြီ)
လူအ တစ်ယောက်ရဲ့ ပေါ့တီးပေါ့ဆညနေပေါ့
ပြန်မလာတဲ့ ဖိနပ်ကလေးအကြောင်းတွေးပြီး
ခုထက်ထိ သူ့ခြေထောက်ကိုရေဆေးနေတုန်း ။
တာရာမင်းဝေ
Labels: တာရာမင်းဝေ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home