ဦးခေါင်းရောင်းဝယ်ရေး

ဒါက ရယ်နေတဲ့ ဦးခေါင်း
ဒါက အသံမြည်နေတဲ့ ဦးခေါင်း
ဒါက သီချင်းဆိုနေတဲ့ ဦးခေါင်း
ဒါက ခါးနေတဲ့ ဦးခေါင်း
ဒါက အလွန်မာကျောတဲ့ ဦးခေါင်း
ဒါက သင်္ချာတော်တဲ့ ဦးခေါင်း
ဒါက အပေါက်တစ်ပေါက်ပါတဲ့ ဦးခေါင်း
ဒါက မြေကြီးလို့ အမြဲစာလုံးပေါင်းနေတဲ့ ဦးခေါင်း
ဒါက သုံးစွဲရန်အသင့်ဖြစ်နေတဲ့ ဦးခေါင်း
ဒါက ဘယ်ယုံကြည်မှုမှ လက်မခံတဲ့ ဦးခေါင်း
ဒါက တာ့တာလို့အမည်ပေးထားတဲ့ ဦးခေါင်း
( အားလုံးလက်ရွေးစင်တွေချည်း )
ကဲ ပြောပါ
ဘယ်အမျိုးအစားကို အလိုရှိပါသလဲခင်ဗျာ။

နေမျိုး
idea ။ သြဂုတ် ။ ၂၀၁၂

No comments:

Post a Comment