လရောင်ဆမ်းအနမ်းပွင့်
စောင့်စားခြင်းနဲ့ ရှင်သန်ခြင်းဘ၀ကို တမေ့တမောငေးမော
တစ်နေ့တစ်ခါလေးမှာ တစ်ကြိမ်တစ်ခါလေး ဖြစ်ဖြစ်
စိတ်ကောက်နေတဲ့ မျက်နှာညိုညိုလေးကို မြင်တွေ့ချင်ပါတယ်
ဒါပေမဲ့.... ကိုယ်ရောင်ဖျောက်တယ်
သွားလာ ပြန်နေကျနေရာဟောင်းတွေမှာ စောင့်ရင်း
ဓာတ်တိုင်ကြီးလို မတ်မတ်ရပ်လို့
ဇက်ကျိုးကျတဲ့ ဓာတ်တိုင်ကြီးပေါ့
သစ်ရွက်ကြွေလေးရဲ့ သက်ပြင်းနွမ်းတွေကြားမိလား
လေထဲမျော့လွင့် ရင်တလှပ်လှပ်စီးမျော
မပြီးဆုံးသေးပါဘူးကွယ်
မင်းပါးပြင်ပေါ်က လရောင်သနပ်ခါးမှုန်မှုန်မှာ
ရင်ခုန်အနမ်းတွေ စွဲထင်ရှိနေမယ် ။
ကောက်နွယ်ကနောင်
T-Club ။ ဂျွန် ။ ၂၀၁၂
Labels: ကောက်နွယ်ကနောင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home