ငါ
သူ့ကို ကြည့်နေခိုက်
ခံစားမှုပေါင်းစုံ ညစ်ထေးရာ
သူ့မျက်နှာ
ဘုံအိမ်သာတံခါးလို ပွင့်လာ။
ဦးနှောက်တွေ လောက်တဖွားဖွား
အပုပ်နံ့တွေ အငွေ့ပျံ
ပါးစပ်ပေါက်က လုယက်ထွက်။
ငါ
ထွက်ပြေးဖို့ သတိမရ
ခြေထောက်တွေ မြေကြီးထဲစိုက်ဝင်နေ။
သူ
ပါးစပ်နဲ့ ငါ့ကိုကြည့်ပြီး
မျက်လုံးနဲ့ ငါ့ကို စားပစ်လိုက်။
ရုတ်ချည်း
ငါ
သူ ဖြစ်လာ
ပြီး
ငါ့ရှေ့မှာ
ငါ့ကို နောက်တစ်ယောက် ။
နရီမင်း
မြားနတ်မောင် ။ ဧပြီ ။ ၁၉၉၇
No comments:
Post a Comment