ခန္ဓာကိုယ်များ ပေါ့ပါးရေးကစတင်
မိုးဝေးရေ
ပြီးမှပဲ ကမ္ဘာကြီးကို ချစ်ခင်ကြောင်း
ပြောကြတာပေါ့
ငါတို့တွေ စောခဲ့ကြတယ်
ငါတို့တွေ စောပြီးနောက်ကျခဲ့ကြတယ်
ဒါကြောင့်ပဲ
ဒီဇာတ်ကို ငါတို့ကခဲ့ကြရ
ငါတို့ဟာ
ပြဇာတ်ထဲက ဆက်တင်လိုအိမ်တွေမှာ
နေခဲ့ကြရ
ငါတို့တွေဟာ
ပြဇာတ်ထဲက ဇာတ်ဝင်ခန်းထမင်းတွေကို
စားခဲ့ကြရ
ငါတို့တွေဟာ
ချစ်သူ့အသံကို ထိန်ချန်ရစ်ခဲ့တဲ့ ကံတရားကိုလဲ
တရားစီရင်ကြတယ်လေ
အရေးကြီးတယ်
တစ်ယောက်နဲ့တစ်ယောက်အရသာရှိဖို့ကလဲ
အရေးကြီးတယ်
ဒို့တွေ
တစ်ယောက်နဲ့တစ်ယောက်အရသာရှိခဲ့ကြ
မဟုတ်လား
ဒို့တွေ
တစ်ယောက်နဲ့တစ်ယောက်ချစ်ခဲ့ကြတယ်ဆိုတာ
အမှန်တရားတောင်မှ
နည်းနည်းပါးပါး မရိပ်စားမိခဲ့ဖူးလေ
ဒို့တွေဟာ
ရာသီဆိုးသွမ်းလမ်းမက
ပြန်ကျမိုးပေါ့
ဒီလိုမဟုတ်ဘူးလား
နေစမ်းပါဦး
မင်း လှသန်းမဟုတ်လား
မင်းဟာ
ရမ်းရမ်းကားကား ပြောတာကလွဲရင်
မင်းဟာ
လူကောင်းသူကောင်းတစ်ယောက်ပါ
ခေတ်က ခေတ်ကောင်းကြီးမဟုတ်လား
လူကောင်းသူကောင်းတွေကို
မွေးဖွားပေးတယ်လေ
မင်းကလဲ လှသန်းဆိုတဲ့နေရာမှာ
သေချာပေခဲ့တာကိုး
လှသန်းရေ
ငါတို့ဟာ
ကြားဖဲကိုလဲ မစောင့်သင့်ကြဘူး
ဝေဖဲတွေဘာတွေလဲ မစမ်းသင့်ကြတော့ဘူး
ငါတို့အားလုံးဟာ
တချပ်မှောက်ဖဲဝိုင်းထဲမှာ
ဖဲနှစ်ချပ်စဝေတော့
ငါဟာ
တစ် ၂ လုံးနဲ့ပေါ့
မင်းက
ကင်း ၂ လုံးနဲ့လေ
ငါ သိပါတယ်။
မင့်ဖဲရော ငါ့ဖဲပါ
ဆန်းဖဲတွေ မဟုတ်ကြတော့ဘူး
တချပ်မှောက်ကစားရာမှာ
လိုက်ရဲဖို့ထက်ပြေးရဲတာ သတ္တိပါ
လှသန်းရေ
ငါတို့တွေ ပြေးကြစို့ရဲ့
ခုလောက်ဆို
မောင်ပြည့်မင်းတစ်ယောက်
နှင်းတွေဝေနေရောပေါ့။
မောင်ချောနွယ်
မိုးဂျာနယ်
No comments:
Post a Comment