မျဉ်းဖြောင့်အလင်း

ဟောဒီ
နာကျင်မှုကပဲ
ဘ၀အသစ်ကို ထွန်ယက်ခဲ့ပြီ

ဘာကိုမှ
ဆုမတောင်းလေနဲ့
မတောင်းတဲ့ဆုကိုပဲ ရပေလိမ့်
ငါ့ကိုယ်ငါ အဲသလိုကာကွယ်ခဲ့ဖူး
ဆိုကိုး....။

ဘယ်သူတွေလည်း
သေကောင်းပေါင်းလဲဟစ်ခေါ်
မျက်နှာပေါ်က
ခြေသံတချို့ထန်ပြင်းလှချည်ရဲ့....။

စူးစူးရဲရဲအနံ့တို့
လေကိုဆန်တက်လာ
ဒီလိုငြင်းဆိုကြေးလား
ဒီကောင်မလိမ္မာခဲ့ပါဘူး
အလိမ္မာစကားနွံမှာ
ကျွံနစ်ခဲ့ရတဲ့

သမားရိုးကျမဆန်တဲ့ အမှားမှာ
အလျားလိုက်မျောပါခဲ့ရပြီ။

ငါ့ကိုယ်ပေါ် မစိုစွတ်စေဘဲ
ပြင်းပြင်းထန်ထန် အမှန်ရွာခဲ့တာ
လက်ညှိုးမိုးများသာ....။

ညီမလေး
ဌေးဌေးရေ
တကယ်တော့ ငါက
ကျီးယောင်ဆောင်ထားတဲ့ ကျီးပါကွဲ့
ငါ စိုက်ပျိုးခဲ့တဲ့
အသီးအပွင့်တွေဟာ
အချစ်အတွက်သာဖြစ်တယ် .....။

အောင်ဘညို

No comments:

Post a Comment