အမှန်တကယ်မနက်ခင်း
ကြော်ထားတဲ့ အသားအစား
အမှန်တရားကို အစိမ်းလိုက်ညှပ်ထားတဲ့
ဟမ်ဘာဂါ ပေါင်မုန့်တစ်ကိုက်
လည်ချောင်းထဲမှာ နင်တက်သူတွေအတွက်
ပါးစပ်ထဲကို လောင်းထည့်ဖို့
ကိုကာကိုလာ ပင်လယ်တစ်ခု။
သွေးမရှိသလိုဖြူနေတဲ့ စားပွဲခင်းပေါ်က
သွေးမရှိသလိုဖြူနေတဲ့ ကြွေပန်းအိုးထဲမှာ
ပန်းအတုတွေက ရဲရဲနီအောင်ပွင့်လို့
သူကိုယ်တိုင် အအေးပတ်နေတဲ့လေကတော့
မှန်လုံခန်းထဲမှာ
အနွေးထည် အထပ်ထပ်နဲ့ မွန်းကြပ်လို့။
သီချင်းသံက တိုးတိုး
အလင်းရောင်က တိုးတိုး
သွားရည်စာတစ်နပ်အတွက်
ပေးချေရမယ့် ပြေစာဟာ
ရှည်လည်းရှည်လျား ထူထည်းထူထပ်
အဲဒီဆိုင်နာမည်
'နပိုလီယန်'ဆိုလား ဘာလားပဲ ။
သစ္စာနီ
Labels: သစ္စာနီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home