ဧရာဝတီ၊ပုပ္ပါး၊ရန်ကုန်...
ငါ့ဘာသာစကားထဲက လ
ညပေါင်းများစွာကွယ်နေတယ်။
ရေမြေတောတောင်တွေလို့
ရေးကြည့်နေရင်းက
ရေမြေတောတောင်တွေကို ငတ်မွတ်မိတယ်
ဘ၀ကို အသံပြုနေရင်းကနေ
တဖြည်းဖြည်း တိတ်ဆိတ်လာတယ်
လလို ဖြူဖွေးအေးစက်
ငါ့မြို့ဟာ
သူ့မြို့ပြနဲ့ ဘယ်လိုမှ မတူနိုင်ပါ
လူတွေကလည်း သွားသွားလာလာပါပဲ
နေ့များကို အတူတူကုန်ဆုံးကြတဲ့အခါ
လမ်းထောင့်မြေကွက်လပ်တိုင်းမှာ
မျက်လှည့်ပွဲတွေနဲ့ အလုပ်လက်မဲ့တွေအပြည့်ပဲ
ပလက်ဖောင်းတွေလည်း ကျဉ်းကျဉ်းလာသလို
ပန်းခြံဘက်ဆီက အသံတွေ ဝေ့ဝေ့လာနေတယ်
ဗန်ကောက်မှာ ရန်ကုန်မှာ ဖနွမ်းပင်မှာ
သာလာလှပတဲ့ နေ့တစ်နေ့ပေါ့
သတင်းတွေထဲမှာ အလံကလေးတွေ ဝှေ့ယမ်းရင်း...။
မိုးဝေး
ကလျာ ။ မေ ။ ၂၀၁၄
Labels: မိုးဝေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home