မေမေ့ပါးပြင်ပေါ် စံပယ်တွေပွင့်တဲ့နေ့
ဖေဖေ့မျက်နှာလေးကို နောက်ဆုံးမြင်လိုက်ရတယ်။
တိမ်တွေနဲ့ အရုပ်ရေးတမ်းကစားတက်စအရွယ်
ဖေဖေ့လက်ဆောင် ကမ္ဘာငယ်လေးတစ်ခုအမည်ဟာ
'စိမ်းလန်းသောအိပ်မက်များ' တဲ့။
မေမေ
မီးပြတိုက်သေလို့ဝင်စားတဲ့ကောင်ကလေးဆိုတာ
ကျွန်တော် သေချာရဲ့လား
ထပ်တူထွန်းညှိထားလိုက်ပါတယ်။
ဇော်မိုးလွင်
ကလျာ ။ မေ ။ ၁၉၉၉
No comments:
Post a Comment