ခပ်ညံ့ညံ့ရာသီဘွဲ့
ဥသြတွေကတော့
(ရွှေတွဲလဲငွေတွဲလဲ မိသားစုလို)
စိတ်ချမ်းသာနေကြမပေါ့။
အရိုးပေါ် အရေတင်သစ်ပင်တွေခမျာသာ
လျှပ်ပေါ်လော်လီ နိုက်ကလပ်မယ်လို
ငွေစ၊ ကြေးစကို မီးကုန်ယမ်းကုန် မျှော်လင့်သလို
လေပြေညင်းကို မျှော်လင့်ကြ။
ထိုနည်းလည်းကောင်း
ချွေးတရွှဲရွှဲ တောင်တန်းတွေကလည်း
ကုန်းပေါ်ရောက် ရေမြွေလို
ပျော့ခွေ၊ တွန့်လိမ် အရေခွံလဲဖို့ အားပြင်ကြ။
နွေရာသီလေ
စိတ်ထားမှန်သူ စမ်းချောင်းကလေးကိုတောင်
ရေ၀တ်လည်းချိုးသေး
နေလှန်းလည်းထားခဲ့သေးရဲ့ ။
အောင်ခိုင်မြတ်
မြားနတ်မောင် ။ မတ် ။ ၁၉၉၇
Labels: အောင်ခိုင်မြတ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home