သဘာဝရဲ့စွန့်ကြဲမှုဟာ တောင်တန်းတွေရဲ့မျက်နှာကျက်မှာ အစိုင်အခဲဖွဲ့
လူထီးနဲ့လူမ တစ်ဦးကိုတစ်ဦး သေကောင်ပေါင်းလဲရှာဖွေရင်း ကမ္ဘာဦးဆန်
ငါတို့အမည်နာမတွေက ငါတို့အနုပညာပေါ် နွေဦးပေါက်ကြ
မှောက်မှားမှုနဲ့ မစွဲလမ်းပါနဲ့တဲ့
ငါတို့ချိုမြိန်ရာ ပန်းခြံရက်ကွက်နဲ့ ထိုင်ခုံတစ်လုံး အရာအားလုံးချိတ်တွယ်ပြီးမှ
ခုလိုထပ်တူဖြစ်ဖို့ အော့အန်ရ
ဒဏ်ရာဟောင်းတွေဆွဲနှုတ်ဖို့ နောက်ထပ်ဒဏ်ရာတစ်ခု စိုက်ဝင်ရ
တရားနဲ့ဖြေရတယ် အဲဒီတိတ်ဆိတ်မှုဟာ ဘယ်သူဘယ်ဝါမကွဲပြားခင်
တစ်နေရာရာကညှော်နံဟာ မနေ့ကလို အငွေ့အူနေတဲ့ရင်အုံပေါ့
စပျစ်သီးထည့်ရင် အပြုံးတစ်ခုပြန်ပေးပြီး
ရွဲ့စောင်းမှုကိုထည့်တော့ ဆောင်းရာသီပြန်ပေးတတ်တဲ့ ကံကြမ္မာရေ
နာမ်နဲ့လုပ်တဲ့ ပျော်ရွှင်ဖွယ်အိမ်ကလေးမှာ ညစာအမီ စင်ကြယ်ဖို့
စံပယ်တွေမွှေးသစ်မယ် ဖုန်းဆိုးရင်တစ်လုံး အပြိုင်းအရိုင်းထ
ငါ့ကိုယ်ငါ ထမ်းပြန်ခဲ့တယ်။
မောင်ဆေးရိုး
ချယ်ရီ၊ ဧပြီ၊ ၂၀၀၀
No comments:
Post a Comment