06 August, 2015

အခန်းထဲက လရောင်


မင်းမျက်နှာကို
စာတစ်အုပ်လို ငါ ဖတ်ချင်တယ်။
မင်းရဲ့အကြည့်ကို
ကုတ်အကျီ င်္တစ်ထည်လို ငါ ၀တ်ချင်တယ် ။

မင်းမျက်လုံးတွေကို
ကြယ်ပွင့်လေးတွေလို ငါ ငေးချင်တယ်။
မင်းအပြုံးတွေကို
ကားတစ်စီးလို ငါ စီးချင်တယ်။

မင်းကို
အမေတစ်ယောက်လို ငါ ပွေ့ဖက်ချင်ရဲ့။
မင်းကို
ပန်းတစ်ပွင့်လို ငါ နမ်းရှိုက်ချင်ရဲ့။

မင်းဟာ ငါ့လမင်းလေးပါ
ငါ့အကြည့်ရဲ့ အဆုံးမှာ . . . .
မင်းဟာ ငါ့အခန်းလေးပါ
ငါ့လှေကားထစ်တွေရဲ့ အဆုံးမှာ . . .

လရောင်လေးက
ငါ့အခန်းထဲမှာ တစ်ညလုံးလင်းခဲ့။
အချစ်ရေ  . . .
ငါ့ကိုလက်တွဲ မဖြုတ်ပါနဲ့ ။

မောင်သစ်မင်း

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home