တစ်ယောက်ဟာ တစ်ယောက်အတွက်
အချိန်ပိုင်း ကစားစရာ
ကစားစရာနှစ်ယောက် ကစားတမ်းဆော့ကြတယ်
အလေးအနက်ကိစ္စတွေကို
ဖင်ခုထိုင်ပြီး ကစားကြတယ်
ကစားတမ်းက
ကစားစရာ နှစ်ယောက်ကို
ပြန်ကစားတယ်
ပျော်စရာကြီးပါပဲလို့တော့
ဘာကမှ ယောင်လို့တောင် မဟကြဘူး
ကြည့် သူ ကစားနေတယ်
ကြည့် သူမ ကစားနေတယ်
ကြည့် ကစားတမ်းကြီး ကစားနေတယ် . . . . . . ။
ဇေယျာလင်း
No comments:
Post a Comment