ခင်ဝမ်း အတွက် ကဗျာ
သူ မပျော်ဘူးဆိုတာ
ငါ သိခဲ့ပါရဲ့
ငွေစရွှင်တဲ့ ပန်းချီဆရာအဖြစ်နဲ့တောင်
မပျော်ရွှင်ခဲ့ဘူးလား
ငါ သိခဲ့ပါရဲ့
'အဖေသွား ရေထဲမှာအိပ်တယ်'
ငါ သိခဲ့ပါရဲ့
'ပြည်မှာဆောင်း' 'ကောလိပ်နေ့များ'
ငါ သိခဲ့ပါရဲ့
နောက်ဆုံး 'မိုက်ကယ်ဖေးလ်'လို 'စပရေး' ပက်ခဲ့တယ်
ငါ သိခဲ့ပါရဲ့
'မောင်ဒီရဲ့ သူငယ်ချင်း'
ငါ သိခဲ့ပါရဲ့။
ငါ မပျော်ရွှင်ခဲ့ပုံ
သူ ရိပ်မိခဲ့သလို
သူ မပျော်ရွှင်ခဲ့တာ
ငါ သိခဲ့ပါရဲ့။
ငါတို့ဟာ မတိုင်ဘဲ အတူတူ
ကိုယ့်ထောင့်မှကိုယ်
မနေနိုင် မထိုင်နိုင် ရှာတွေ့ခဲ့ကြ
ကျွမ်းပြန်ခဲ့ကြ။
ငါတို့ဟာ မတိုင်ပင်ဘဲ အတူတူ
၂၀၀၀ ပြည့်နှစ်ထဲ ရောက်တော့မှ
သက်ပြင်းရဲရဲ ချနိုင်ခဲ့ကြ။
ငါတို့ မေ့လျော့ခဲ့ကြတယ်။
'သေမှု'ဟာ ရှင်သန်နေပြီ
'ရှင်မှု'ဟာ သေဆုံးနေတယ်
ငါတို့ မေ့လျောခဲ့ကြတယ်။
ခုတော့ ကြွေပေါ့
ကျော်ကြားတဲ့ ၂၀၀၀ ပြည့်နှစ်ထဲရောက်မှ
ကြွေပေါ့
အလို၊ အဲဒီကြွေတဲ့ကြယ်ဟာ
'ခင်ဝမ်း' အမည်တပ်ရမှာပါလား။
ငါက ကဗျာဆရာ
ဒီတိုင်းပြည်မှာ ကဗျာဆရာ
အခက်အခဲများ
ခလုတ်တံသင်းအတိုက်များတဲ့ ကဗျာဆရာ၊ ဒီကဗျာ
ငါ့အကြောင်းပါ ငါ ထည့်စပ်လိုက်ပါရဲ့ ။
အောင်ချိမ့်
Labels: အောင်ချိမ့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home