ငါ့စုဗူး ။ ၃၉
အရာရာတိုင်းဟာ မျှော်လင့်တိုင်း ဖြစ်လာရင်
သင်ဟာ နောက်တစ်ခါ
မျှော်လင့်ချင်ဦးမှာလား
မမျှော်လင့်ချင်တော့ဘူးလား
ပျင်းလာ ငြီးငွေ့လာမှာလား
ပျော်ရွှင်
နောက်ထပ် ပျော်ရွှင်လာမှာလား
ကျွန်တော့်ကို ပြောပြနိုင်ပါသလား။
ဥာဏ်နည်းသူမို့
ကျွန်တော့်ကို ပြောပြနိုင်ပါသလား။
ကံနည်းသူမို့
ကျွန်တော် သိချင်လှပါတယ်။
အောင်ချိမ့်
Labels: ငါ့စုဗူး ။ အောင်ချိမ့်, အောင်ချိမ့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home