19 August, 2015

သက်တံ


ညနေခင်းတခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ

ဟာ…..
လှလိုက်တဲ့ သက်တံကြီးတစင်း
စီးဆင်းနေတာတွေ့တယ်။

ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား… ။

ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။


ထူးအိမ်သင်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home