နေကောင်းသော ဓာတ်ပြား
ကုတ်အကျီ င်္အနက်
ဘောင်းဘီအနက်
ဆံပင် ဘုတ်သိုက်နဲ့
ဘီးတယ်လ်များ
ဒါပေမဲ့
ရေဆေးအကြည်ကားလိုပဲ
ရွှင်နေတယ်
ကြည်နေတယ်
ဘီးတယ်လ်များ
ပန်းသီးကုမ္ပဏီထုတ် ဓာတ်ပြားတစ်ချပ်
ဘီးတယ်လ်များ
ငါ ဖျားနာနေစဉ်
ဘီးတယ်လ်များ
ငါ့မှာ အဖျားပြေကာ
နှစ်အများကြီးကို ကျော်ဖြတ်ကာ
သီချင်းတွေ အများကြီး နားထောင်ဖြစ်တာ
ငါ နေကောင်းသွားပြီ ။နေကောင်းသွားပြီ
အောင်ချိမ့်
Labels: အောင်ချိမ့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home