ဖြောင့်ချက် ၁၀
နှင်းစိန်ပွင့်များ
မတူတော့တဲ့ နေ့များ
အစိမ်းရောင် အရိပ်များ
အေးစက်စက် အိပ်မက်များ
လင်းနေတဲ့ ညနေခင်းများ
အိမ်ပြန်ချိန် မျက်နှာများ
မိန်းမတယောက်ရဲ့ ခြေသံများ
ဒါတွေ အားလုံးဟာ
ကျွန်တော် ဖြတ်လာခဲ့ရတဲ့
သင်္ကေတ တောအုပ်လေးတွေ ပါ
အခုတော့
(သူတို့နဲ့ ပတ်သတ်လို့ )
စိတ်ကူးတဲ့ အလုပ်သာ
လုပ်နေရတော့တာပဲ
ကိုဆွေ
[ နွေဦး……မှ]
Labels: ကိုဆွေ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home