တစ်ဝက်တစ်ပျက်
လက်ကောက်ဝတ်ပေါ်က ဓားရာကို
တစ်ယောက်တည်း လျက်နေရတယ်
ခဏ ခဏ လန့်နိုးတိုင်း
စိတ်နဲ့စမ်းစမ်း ၊ လက်နဲ့ စမ်းစမ်း
ခုတင်လည်း အဖြူ ၊ မွေ့ရာလည်း အဖြူ
ခေါင်းအုံးလည်း အဖြူ ၊ စောင်လည်း အဖြူ
ညှစ်ချလိုက်ရင် သွေးတွေချည်း
ဘယ်တော့မှ မတိတ်တော့ဘူး
မသေလည်း သည်ခန္ဓာကို စွန့်မယ်
အမျှင်အားလုံး ပြတ်သွားလို့
မင်းထင်ကိုကိုကြီး
Labels: မင်းထင်ကိုကိုကြီး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home