02 June, 2015

ရည်းစားစာ

ကျွန်တော့်ရဲ့
မခင်သစ်ပင်

အချစ်ဆိုတာ ပွဲလမ်းသဘင် ဖြစ်ရင်
ကျွန်တော်နဲ့ မခင်သစ်ပင်ဇာတ်မှာ
ဘယ်သူကန့်လန့်ကာလဲ
တောတောင် လျှိုမြောင်ပိတ်ကားရှေ့
ကျွန်တော် အော်ခေါ်နေတာ
အနှစ်သုံးဆယ်

မခင်သစ်ပင်
ဇာတ်လမ်းအရ ငိုချင်လဲငိုရမယ်
ပျော်ချင်လည်း ပျော်ရမယ်
ကျွန်တော် တယောမထိုးတတ်ဘူး
ရောမမြို့ကြီး မီးလောင်ရင်လည်း
ကြည့်မနေနိုင်ဘူး
ကျွန်တော်ဟာ သာမန်လူဖြစ်ပြီး
ကျွန်တော်ဟာ ချစ်တတ်လို့

မခင်သစ်ပင်
ကျွန်တော်တို့ နှစ်ယောက်ကြား
ဘာကြောင့် ဘာသာပြန်ခေါ်ထားသလဲ
ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်းချင်တယ်
ခင်ဗျားက ရင်ခုန်သံကို ဈေးကြီးကြီးရချင်တယ်
မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေဘာတွေလဲ
ခေတ်မရှိတော့
အင်ကြင်းပင်ကလည်း ရှာရခက်တယ်

ကျွန်တော့်ရဲ့ မခင်သစ်ပင်
မခင်သစ်ပင် ပွင့်ပြမှာလား
ကျွန်တော် ခုတ်ပစ်ရမှာလား
ဒါမှမဟုတ် ဘုရားမှာ လှူမလား
ကျွန်တော်နဲ့ ခင်ဗျားကြားမှာ ပန်းတစ်ပွင့် ခြားနေတယ်။

ဝင်းမြင့်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home