ကဗျာဒိုင်ယာရီ
အမှန်တရားနဲ့ ကိုယ်နဲ့
ရီဝေဝေည ၉ နာရီ ထိုးတော့မှ
ဘုရားသခင်က အိမ် လိုက်ပို့တယ်
လမင်းကြီးရယ်
လိမ္မာချင်လွန်းလို့ စောစောအိပ်တာပါ။
လွဲချင်းလွဲ
လပြည့်ညတွေနဲ့ လွဲပြီး
မုန်းသူတွေနဲ့ လွဲချင်တာပါ
မချစ်တဲ့သူဆီ သတိရတယ်
ပြီးမှ
ကိုယ့်ကိုယ်ကိုယ် မညာခဲ့ဘူးဆိုတာကို
ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပြမယ်
ပြေမြင့်
သရဖူ။နိုဝင်ဘာ။၂၀၁၄
Labels: ပြေမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home