မိုး
လာမယ်လို့ ချိန်းထားလျက်နဲ့
တကယ်တမ်းတော့ ရောက်မလာခဲ့ဘူး
သူ မလာလို့ ပြန်မယ်ဆိုကာမှ
ဝေါခနဲ ဆိုင်ကယ်စီးပြီး ရောက်ချလာ
မင်း အနမ်းတွေ ငါ မခံနိုင်ဘူး
ကြမ်းလှချည့်
ငါ ပြန်နမ်းတော့လည်း
ကလေးတစ်ယောက်လို ခေါင်းကို ဝှက်ထားလို့
မင်းထက်မောင်
Labels: မင်းထက်မောင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home