20 August, 2015

ငွေမိုး


အိပ်မက်ထဲမှာ
ငွေမိုးလေး ရွာနေတယ်။

နိုးလာတော့ တကယ်ပဲ
ငွေမိုးလေး ရွာနေတယ်။  ။

ခင်ဝမ်း

Labels:

နှစ်ယောက်


မနက်စောစော လမ်းလျှောက်ခြင်းကို
သင်ယုံကြည်သလားလို့ ပြတင်းပေါက်က မေးလိုက်တယ်
တွေဝေစိတ်နဲ့ လှည့်ကြည့်လိုက်တော့
ကြည်လင်တဲ့ မှန် ၆ချပ်ကိုဖြတ်ပြီး တိမ်ညိုတွေဟာ
ချိန်းထားသူရှိနေသလို သွားနေတာ တွေ့လိုက်ရတယ် ...

သင်ဟာ အကြင်နာကို တောင့်တနေသလားလို့
ခေါင်မိုးက မေးလိုက်တယ်
စိတ်က ခေါင်မိုးဆီ ရောက်သွားတော့ ခေါင်မိုးပေါ်
မိုးတဖြောက်ဖြောက် ကျနေသံ ကြားလိုက်ရတယ် ...

တကယ်တော့ ... ကျွန်တော်ဟာ...
အိပ်ရာတစ်ခုပေါ် အိပ်နေတာမဟုတ်ပဲ
ရုံးခန်းတခုရဲ့ စားပွဲပေါ်မှာ အိပ်နေတာပါ..


ခင်ဝမ်း

Labels:

လမ်းပေါ်မှာ


လှလိုက်တာ၊ ငါ တီးတိုးဆိုမိ
ဪ၊ မင်းကို ရည်ညွှန်းဆိုမိတာပါ
လမ်းပေါ်မှာ ငါလျှောက်လှမ်းနေချိန်မှာ
လမ်းပေါ်မှာ၊ လမ်းပေါ်မှာ
လမ်းပေါ်မှာ၊ လမ်းပေါ်မှာ။

ခင်ဝမ်း
(၁၉၉၃)

Labels: