ငှက်များ - ဝင်းမြင့်
အကို့ရဲ့
သီချင်းတွေရေချိုးခန်းထဲ အော်ငိုရင်း
တနင်္ဂနွေဟာ မှောင်သွားတယ် ။
ရေပိုက်ခေါင်းထဲက ငှက်တွေ
တဂီးဂီး ပျံထွက်လာတာ
နံရံတခုလုံး မည်းလို့။
နာရီအပျက် တခုပေါ်က
ဦးနှောက် အသေတလုံး
ရေကျသံနဲ့ ဖုံးလို့။
မြို့မှာ မြို့မရှိတော့ဘူး
ရွာမှာ ရွာမရှိတော့ဘူး ။
တံခါးခေါက်သံတွေ
တဝုန်းဝုန်း။
မိုးတိမ်မှာ ရေမပါတော့ဘူး
နာရီမှာ အချိန်မရှိတော့ဘူး ။ ။
ဝင်းမြင့်
(ကို ထူးအိမ်သင် သို့)
Labels: ဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home