မီးခိုးကိုသူတွေ့တယ်
ဘယ်ကမှန်းမသိတဲ့အလံတွေ
လေထဲမှာခြေတစ်ဝက်ကျွံနေသလို
အရောင်တွေကိုလည်း သူတွေ့တယ်
ဒါကို ငါသိတယ်
ဖန်ဆင်းသူဆီကခြေရာကို ဓားပါးပါးနဲ့ခြစ်ယူပြီး
စန္ဒကူးပင်ရဲ့သိမ်ငယ်သောသစ်ခေါက်မှာ တိပ်နဲ့ကပ်
ဒါလည်း ငါသိတယ်
ရေတွင်းထဲ
ခေါင်းငိုက်စိုက်ကျနေတဲ့ဓူဝံကြယ်
အဓိပ္ပာယ်ဟာ သူ့အတွင်းသားနံရံကို
ပေါင်မုန့်ဆီ ရက်ရက်ရောရောပေးလှူလို့
ငါသိခဲ့တာပါပဲ
သိမ်ငယ်မှုဟာ
သူ့နာမည်ပါတဲ့ပေးစာကို စာတိုက်ပုံးထဲအပြင်းပြေထိုးထည့်လိုက်ချိန်
မြစ်ဟာ
သူ့အိပ်မက်ကိုဘယ်တော့မှထုတ်မပြော
စီးဆင်းမြဲ စီးလျက်သာ ။
သားဦး
No comments:
Post a Comment