23 February, 2017

ခင်ဗျား

ခင်ဗျားက အလုပ်တစ်ခုခုကို လုပ်နေမယ်

လုပ်နေရင်းနဲ့ ပစ္စည်းတစ်ခုခုကို မတော်တဆတိုက်ချမိမယ်

 ကြမ်းပြင်နဲ့ အဲဒီပစ္စည်းထိတဲ့ အသံကို ကြားမိတဲ့ အတွက်
 ပြုတ်ကျသွားတာ သေချာပေမယ့် ခင်ဗျားက
 လက်ရှိအလုပ်ပေါ် အာရုံစိုက်နေတဲ့အတွက် အမှတ်တမဲ့ပဲ ။

နောက်မှ ကောက်မယ် စဉ်းစားမယ်

နောက်ဆုံးမှာတော့ ခင်ဗျားလုပ်လက်စလည်း ပြီးသွားပြီ

စောစောက ပြုတ်ကျသွားတဲ့ ပစ္စည်းကို ကောက်ဖို့
 ကြမ်းပြင်အောက်ကို ခေါင်းငုံ့လိုက်မယ်

ဘာမှ ရှိမနေဘူး

 ပြုတ်ကျသွားတဲ့ အရာနဲ့ ပတ်သက်လို့ ခင်ဗျား ပြန်စဉ်းစားမယ်
အဲဒီအချိန်၊ အဲဒီနေရာမှာ ရှိနေတာ ဘာများဖြစ်နေမလဲ၊
 ပြုတ်ကျသွားတုန်းက ဘယ်လို အသံမြည်လဲ၊
ဘယ်နေရာက အသံမြည်လဲ၊
 လိမ့်သွားတဲ့ အသံ တစ်ခုခု မြည်သေးလား

တဖြည်းဖြည်းနဲ့ ငြီးငွေ့လာတဲ့ ခင်ဗျားဟာ
အဲဒီလို ရှာဖွေတဲ့ အလုပ်ကို ရပ်လိုက်မယ်

 အရေးကြီးတာ တစ်ခုခု ဖြစ်မနေစေဖို့ ဆုတောင်းမယ်။
 နောက်ရက်တွေမှာ ပြန်တွေ့မိဖို့၊
 ပျောက်သွားတဲ့ အရာက ဘာဆိုတာ သိလာဖို့
 မျှော်လင့်မယ်

တဖြည်းဖြည်း ရက်တွေ ကြာလာမယ်

တဖြည်းဖြည်း ရက်တွေ ထပ်ကြာလာမယ် ။ ။

ဏေသစ်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home