14 October, 2016

တောင်ကုန်းစကား ၃

ငါတို့ဟာ ရွက်လွှင့်ဖို့ထက်
ကျောက်ချရပ်နားဖို့ မွေးဖွားလာတဲ့
သင်္ဘောငယ်လေးတွေဖြစ်တယ်
မင်းပြောတဲ့စကား ငါမှတ်မိတယ်
"တစ်ခါတစ်ခါ ဘုရားသခင်ဟာ လက်နှစ်ဖက်ဆန့်တန်း
ကောင်းကင်မှာ ပျံသန်းသွားသတဲ့"
မင်းဘယ်လောက် အော် အော်
တဝေါဝေါမြည် တိမ်ထုထဲ တိုးဝင်သွားစမြဲ
မင်းမမှားပါဘူး ငါအခုတောင်ကုန်းလေးဆီလာတဲ့ လမ်းမှာ
စံပယ်ပင်ဖြူဖြူလေးတွေ ပွင့်နေဆဲ။

တုတ်စ်
21.9.2016 AM

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home