01 September, 2016

ပင်လယ်

ပင်လယ်ဟာ
သူသေလွန်တဲ့အခါ
ငါ့လိုငါးတစ်ကောင်ဖြစ်ချင်သတဲ့။
သူဘယ်တော့မှမသေတော့
ငါ့လိုငါးတစ်ကောင်ဖြစ်ခွင့်မရတော့ဘူးပေါ့။

ပျော်စရာပဲလား
နာကျင်စရာပဲလား
သောင်ပြင်ကခြေရာတွေဟာ
နောက်တစ်နေ့မှာသဲမြေမွများသာ။ ။

အနီ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home