01 September, 2016

အဆိပ်


ငါ့အဆုတ်ထဲမှာ
ကာဗွန်ဒိုင်အောက်ဆိုဒ်
၁၀၀%နှုန်းနဲ့ ။

အသီးအရွက်တွေကလည်း
အရွက်ဖျန်းဆေးတွေနဲ့၊ အသီးဖျန်းဆေးနဲ့
ပိုးသတ်ဆေးတွေ ဒင်းကြမ်းနဲ့။

ရယ်ဒီမိတ်တွေကလည်း
ဆိုးဆေးတွေ၊ မသိုးဆေးတွေ အလျှံပယ်နဲ့ ။

မိန်းမကလည်း
ဒီစားအုန်းဆီနဲ့
ဒီအချိုမှုန့်နဲ့ ။

ငါသောက်နေတဲ့ ရေက
အာဆန်းနစ် နန်းချင်းနဲ့  ။

အသက်ကို
အသက်ရှူ ရပ်မသွားရအောင်
ဖြည်းဖြည်းဖွဖွလေး ရှူနေရတယ်။

အောင်ဘညို

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home