ကနူတ်ပန်း
စက္ကန့်နဲ့အမျှ
သားကောင်ဗိုက်ထဲကအစာလို
တဖြေးဖြေးမှေးမှိန်ပြီးချုပ်ညိမ်းတော့မယ့်အထိလည်း
အကျုံးဝင်နေပါသေးတယ်ဆိုရင်
ထွက်သက်ဝင်သက်မှာအနံ့စွဲ
ရေယိုသောဘုံးလေးထဲလိုအပေါ်တစ်ဝက်အောက်တစ်ဝက်
တစက်စက်နှစ်တွေပို၍ပို၍ကြေကွဲပဲ့တင်ထပ်ချပ်မကွာ
လရောင်အဖိတ်အလျံရှိမယ့်အမှောင်ရိပ်ထဲကျကျန်ရစ်ဆဲ
ထထွက်သွားတော့မလို
ကျောက်ရုပ်ကကျောက်သားတချို့လွင့်စင်ကာ
ရုပ်လုံးပေါ်လာမယ့်အဖြစ်မှန်ရဲ့ထောင့်ချိုးတိုင်းမှာ
တိုင်ကပ်နာရီလို
လမ်းဓါတ်မီးတိုင်တွေအလင်းနဲ့ရှို့ထားတဲ့စိမ်းရွှေရွှေအမြင်တခု
အိပ်မက်သမားရဲ့လေဟာနယ်
ရပ်ရင်းပြေးလွှား
အဖျားဆွတ်လိုက်တိုင်းဦးကျိုးနေတဲ့ဌက်
မြို့ကိုထောင့်ဖြတ်ပျံသန်းရာ အစင်းကြောင်း
မီးခိုးတွေပါကွယ်
ယပ်တောင်နဲ့လှမ်းဟန့်ကာ
ညဉ့်အနက်ထည်လွှာရဲ့
ပျားပန်းခတ်မျှတိတ်ဆိတ်မှုမှာလူဟာကွက်လပ် ။ ။
ဝင်းမြင့်
ဇူလိုင် ၂၂ ၂၀၁၆
Labels: ဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home