16 November, 2015

မိသားစု


မိုးစက်တွေကို
ကျွန်တော် လက်နဲ့ခံပြီး ကြည့်တယ်
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော် လက်လွှတ်ချလိုက်တော့
အောက်မှာ သွယ်တမ်းစီးဆင်းသွားပြန်ရဲ့
မြစ်တွေ ချောင်းတွေ တိမ်တိုက်တွေ ။

ဟိုးအပေါ်က
မိုးစက်တွေလို
ကျွန်တော် ခုန်ချကြည့်လိုက်တယ်
မိဘရင်ခွင်ထဲ ရောက်ရဲ့
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော်တို့ မောင်နှမတွေ ။

ဝင်းမြင့်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home