ဇာတ်လမ်းတို


ဘာတစ်ခုမှ ထွေထွေထူးထူး မရှိဘူး
သူ့ မျက်ဝန်းလေးကို သတိရတာနဲ့
ကောင်းကင်ရဲ့ ညှို့တက်လာသော
မိုးသားတွေကို ကြည့်ကာ
အခြားသူ ရေးဖွဲ့ခဲ့တဲ့ စာသားလေးလို
ရွာမှာလေလားလို့
ဦးခေါင်းကို ငိုက်စိုက်ချ
ပိုက်ထားတဲ့ လက်ကလေးကို နေရာပြောင်းမိ
ဒီကိစ္စဟာ တအားနူးညံ့တယ် ။

ခင်ဇော်မြင့်
မြှားနတ်မောင် ။ ဇန်န၀ါရီ ။ ၂၀၀၀

No comments:

Post a Comment