အံသေနေတဲ့ မျက်လုံးတွေနဲ့ ငိုလည်း
မျက်ရည်ကတော့ လှုပ်လှုပ်ခတ်ခတ် ပူမှာပဲ
မကြားရတဲ့ ဖုန်းခေါ်ဆိုမှုထဲ
မင်းပုခုံးသားလေးကို ဂဏန်းတစ်ခုလို
ထည့်မှတ်ထားရအုံးမယ်
ရိရွဲနေရအုံးမယ့် နေ့တွေပါ
ပိုက်ဆံတစ်ရွက်ကို အလယ်ကနေ
တိကျသေသပ်စွာ ဘယ်လောက်ခွဲခွဲ
တန်ဖိုးက ဘယ်သူ့လက်ထဲကိုမှ ပါမလာခဲ့သလို
နေ့စွဲတွေ
ဝေးပေါ့ လို့ အကျယ်ကြီး ထွက်ပေါ်လာတဲ့အသံဟာ
ဘာလို့များ ငါ့ရင်ထဲကဖြစ်လောက်အောင် နီးကပ်ခဲ့ရတာလဲ
ဆွဲမိဆွဲရာ ဆွဲလိုက်မိတဲ့အရာဟာ ဓါးမဟုတ်တော့
ကိုယ့်ကိုကိုယ် အပိုင်းပိုင်းအထစ်ထစ်ဖြစ်စေတဲ့
အချစ်လို့ ခေါ်ဆိုရမယ့်အရာ ဖြစ်ခဲ့တယ် ။ ။
ဆစ်ခ်
No comments:
Post a Comment