16 November, 2015

သူငယ်ချင်းအကျီ င်္ကြည့်ပြီး စပ်တဲ့ကဗျာ


မင်းအကျီ င်္ဟာ
မင်းအဆွေးတွေ မမြင်ဖို့သက်သက်
မဖြစ်စေချင်ဘူး ။

တစ်ခါက
ငါတို့ မျှော်လင့်ခဲ့ကြတယ်
နေရောင်ခြည်နွေးနွေးထွေးထွေးနဲ့
ကမ္ဘာမြေသာယာဖို့ဆိုတာ
သိပ်ခက်တဲ့အလုပ်များလား ။

မင်းလည်း ပုံပျက်ပန်းပျက်
ငါလည်း နာလန်မထူ
နှစ်သုံးဆယ်ဆိုတာ
နှစ်လေးဆယ်ဆိုတာ
မိဘတွေ ၊ ချစ်သူတွေ သေကျန်ခဲ့ကြပြီး
ဘာမှမဖြစ်သလို
လက်ဖက်ရည်တစ်ယောက်တစ်ခွက်သောက်ရုံနဲ့
ပြီးရောလား ။

အေးလေ
လူ့လောကကြီးကလည်း
တစ်နေ့တစ်နေ့
မမေ့နိုင်စရာတွေနဲ့
အငွေ့တက်လို့
တို့အငွေ့တွေ
ပျောက်နေတဲ့ စကြာဝဠာ
ပြန်တွေ့နိုင်ပါ့မလား ။

သုခမိန်လှိုင်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home