တမင်တိတ်ဆိတ်နေသော အရပ်
အဲဒီညမှာ …
သစ်ကိုင်းခြောက် ကြွေသံလေးတွေကြားရမယ်
ဟိုး အဝေးက ဖြတ်မောင်းသွားတဲ့ကားသံ
ဖြတ်သွားဖြတ်လာ
လေပြေလေညင်းလေးတွေကိုလည်း မြင်ရ
ဖုန်မှုန့်လေးတွေက လေးတိလေးကန်လွင့်မျော
ပိုးကောင်ကလေးတွေရဲ့ ခရီးဆက်နေသံ
ရေစီးမြောင်းတွေထဲက ပုပ်အဲ့အဲ့တေးသံ
မီးရောင်ကို ပိုးဖလံတွေက
ဝင်တိုက်ခိုက်နေတာကိုလည်း ခင်ဗျားမြင်ရမယ်။
မိတ်ဆွေ
ဒါတိတ်ဆိတ်နေတဲ့ ညကလေးပေါ့။
ခင်ဗျားလက်က နာရီကရော ဘယ်မှာအသက်ပါလို့လဲ
ကျွန်တော့် သက်ပြင်းချသံတွေကလည်း အေးစက်မာခဲ
အတောင့်လိုက် ထိုးဖောက်ထွက်
အဲဒီလက်နက်နဲ့ပဲ ကျွန်တော်
နာရီသံချောင်းကို ခေါက်လိုက်တော့မယ်။ ။
မိုးဝေး
ယနေ့ခေတ်ဂျာနယ်
Labels: မိုးဝေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home