ချစ်ဇနီးသို့
စိတ်ကြောင့် စိတ်ဆင်းရဲခဲ့ရသည်မို့
စိတ်နဲ့သာ စိတ်ကိုဖြေရတော့တယ်
ဘဝများ
ဝေးကွာနေကြရ
ကလေးတွေနဲ့ ဇနီးမယား
ထားခဲ့ရ တစ်နယ်တစ်ကျေးဆီ
ဝေးလွန်းလှတဲ့ မိုင်ပေါင်းများစွာမှာ
စိတ်ကို စိတ်နဲ့သာခေါ်ရ ထူးရ
ဝရုန်းသုန်းကား ဆူညံသံတွေကြား
တယ်လီဖုန်းတွေ အသုံးမကျ
လူတွေ ရှုပ်ထွေး
ကားတွေကြပ်ညပ်
လမ်းဖြတ်ကူတိုင်းမှာ ရတနာသုံးပါးကို ရွတ်ဆိုမိရ
(ကျေးဇူးတင်စရာ)
ငွေပေါ့ကွယ်
သင်းကြောင့်ပေါ့
တို့ဝေးကွာနေရတာ သင်းကြောင့်ပေါ့
ဆူးလေဘုရားလမ်းကြီးကို ဖြတ်ကူးတိုင်း
ပြေးနေတဲ့စိတ်ဟာ
ပြေးနေတဲ့ငွေနောက်
ပြေးပြီးတော့ လိုက်နေရဲ့။
ပိုင်စိုးဝေ
ကလျာ ။ ဇန်နဝါရီ ။ ၂၀၀၅
Labels: ပိုင်စိုးဝေ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home