မနက် ၉:၀၀ နာရီမှာ တစ်ယောက်တည်းပြောစကား
“အသေးအဖွဲလို့တော့ မထင်လိုက်နဲ့၊ ဟောဒီသံစဉ်ရဲ့
လမ်းကြောင်းဆီ အခုရောက်လာတာ။ နေထိုင်ရတာ
သူနဲ့အတူဟာ ဖျားနာမှုပဲ အစဦးကတည်းက
လွန်ခဲ့တဲ့ ၁၆ နှစ်ကပေါ့။ ၁၆နှစ်လုံးလုံး ကျွန်မ ထိုင်ပြီး
စောင့်ခဲ့တယ် အခြေအနေတွေ ကောင်းလာမလားပေါ့။
ရယ်စရာပါပဲ။ သိလား၊ တဖြည်းဖြည်းဆုတ်ယုတ်ပြီး ကျွန်မ
သေသွားတယ်လို့ မဟုတ်ရင် သူဟာ နောက်ထပ်အချစ်
ရှာတွေ့ပြီး သူ့ရေပိုက်ကို နောက်တစ်ယောက်ဘက်
လှည့်လိုက်တယ်လို့ ကျွန်မမှာ အိပ်မက်တွေမက်ခဲ့ရ။
တစ်ခုခုပျောက်ဆုံးသွားခဲ့ပြီလို့ ကျွန်မစိတ်ထဲ
ထင်နေမိခဲ့တာ ဒီမနက်
သေဇောငင်မျက်လုံးတစ်လုံးလို သူ့ရဲ့
ရေဆူထဲဖောက်ထည့်ပြုတ်တဲ့ ကြက်ဥနဲ့
မီးကင်ပေါင်မုန့်ကို သူ ထိတောင်မထိခဲ့တာ။”

လူဝီးစ် ဂလစ်ခ်
Louise Glűck
Monologue at 9 AM
(၂၀၂၀ နိုဗဲလ်စာပေဆုရှင် အမေရိကန်ကဗျာဆရာမသို့)
ဇေယျာလင်း - ဘာသာပြန်သည်
၈ အောက် ကိုဗစ်၂၀
Labels: Louise Glück, ဇေယျာလင်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home