အဖေ
ကျွန်တော် တော်တော်ငယ်ငယ်က
အဖေတစ်ခါထောင်ကျသေးတယ်
အမေထောင်ဝင်စာသွားတွေ့တော့
ငါ့သားလေးကို ခေါ်မလာခဲ့နဲ့တဲ့ ။
ကျွန်တော်နည်းနည်းအရွယ်ရောက်လာတော့
အဖေ အဘိုးနဲ့ဘာဖြစ်တယ်မသိဘူး
ထောင်ထဲတစ်ခါရောက်ပြန်ရော
ကျွန်တော်အဘိုးဘက်ကနေပြီး
အဖေ့ဆီထောင်ဝင်စာသွားမတွေ့
အဖေတော်တော်ကြေကွဲသွားတယ် ။
အဖေငယ်ငယ်က သရက်ထောင်လည်းကျခဲ့ဖူးသေးတယ်တဲ့
ဒီတစ်ခါတော့ သူ့မျက်ရည် ကျွန်တော်ကျရတယ်
အဖေဟာ ကြီးတဲ့အမှုကို ငယ်စေပြီး
ငယ်တဲ့အမှုကို ပပျောက်စေခဲ့
ကျွန်တော့်ကိုလည်း နည်းအမျိုးမျိုးနဲ့ အရွယ်ရောက်စေခဲ့ ။ ။
စိုင်းဝင်းမြင့်
၃ ၃ ၂၀၁၉
ရန်ကုန်
Labels: စိုင်းဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home