02 March, 2020

တောက်ပတဲ့ နေရောင်ခြည်ထဲမှာ

တောက်ပတဲ့ နေရောင်ခြည်ထဲမှာ
ငြိမ်သက်စွာ
မြူမှုန်ထောင်ပေါင်းများစွာ လွင့်နေတယ်။

စက္ကန့် မိနစ်နဲ့
အချိန်ရဲ့ မော်လီကျူးများစွာ
ခံစားမှုတို့ရဲ့ အတွေးပေါင်းများစွာ
အသက်ရဲ့အလင်းမှာ
လွင့်နေတယ်။

နေမဝင်ခင်အထိ။
ညီမွန်
19.12.2017

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home