ငါမေ့ထားတဲ့ ကမ္ဘာ

ငါသိတဲ့ ကမ္ဘာမှာ
နတ်တွေ
သူတော်စင်တွေ
ငါ့အာရုံ အလွန်က ကောင်းမြတ်ခြင်းတွေ အပြည့်။

အဲ့ဒါတွေ
ဘယ်မှာ ရှိသလဲ။

ငါ မသိတဲ့ ကမ္ဘာမှာ
အရသာရှိတဲ့ အသားတွေ
မွှေးပျံ့တဲ့ ပန်းတွေ
ပြာလဲ့တဲ့ ပင်လယ်တွေ
မာယာများတဲ့ မိန်းမလှတွေ အပြည့်။

ငါ့ကို ခေါ်ပါ
ငါမသိသေးတဲ့ ကမ္ဘာဆီ။

ညီမွန်

No comments:

Post a Comment