ပင်လယ်ရှာသူ
ခုတော့ သူတို့လက် သူတို့ခြေနဲ့ပုံစံထုတ်ခဲ့တဲ့ လှေကလေးပေါ်မှာ
သူတို့ခြေ သူတို့လက်တွေ အကန့်သတ်ခံနေရပြီလေ
ဒါ .. ပင်လယ်ပေါ့
သတ်မလား ဒါမှမဟုတ် သေမလား
သူတို့ ရှင်သန်ခဲ့ဖူးရာ တောကြီးမျက်မည်းမှာလို
ရွေးချယ်စရာ မရှိဘူး
(ဘယ်လိုသေမလဲ)
ဒါ .. ပင်လယ်ပေါ့
ဒီမှာတော့
ရှင်သန်ခြင်းနဲ့တူတာဆိုလို့
လှိုင်း
မုန်တိုင်း
ပြီးတော့... ပင်လယ်ရဲ့ ထုံးဓလေ့အောက်မှာ
အရှုံးပေး စေ့စပ်ရတော့မယ့် လူသားသုံးယောက်
ပင်လယ်ထဲ
တယောက်ကို သတ်စားပြီးမှ
နှစ်ယောက် ရှင်ကျန်ခွင့်ရတော့မယ့် ပင်လယ်ထဲ
သူတို့ သုံးယောက်
သူတို့ သုံးယောက်
(တီထွင်သူ) ကစ်ပလင်
(တပ်ဆင်သူ) ဒါဝင်
ပြီးတော့
(မောင်းနှင်သူ) လာဆင် ... ။
ကိုသန်းထွန်း
Labels: ကိုသန်းထွန်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home