သက်ငြိမ်
ရေစက်မဆုံချင်တော့လို့
လမ်းဆုံမှာပဲ ဆင်းခဲ့တယ်။
ကိုယ့်ကိုယ်ကိုယ်
စက္ကူစုတ်တွေလို လုံးထွေးလွှင့်ပစ်ပြီး
ပြီးခဲ့တာတွေကို
လက်ဆေးကြွေဇလုံခွက်ထဲ
ထိုးနှစ် ဆေးကြောလိုက်ချင်တယ်။
ကိုယ့်ရင်ထဲ
မိန်းမတစ်ယောက် အလုပ်ရှုပ်နေတုန်းက
ကိုယ့်ပေါဆမှုက
အဆုတ်နဲ့ နှလုံးသားကို မခွဲခြားတတ်ခဲ့ဘူး။
ကိုယ်ဆင်းခဲ့တဲ့အရပ်က
လောင်စာပြတ်ခြင်းပဲ
ကိုယ်ရခဲ့တဲ့ အချစ်က
မီးပုံးပျံလိုပဲ။
အပြစ်တွေများလွန်းလို့
ငြိမ်နေလိုက်ဦးမယ်။
ဝင်းမြင့်
Labels: ဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home